ဝေးလံခေါင်ဖျားဒေသသတင်းများ

တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်အသုံးပြုရန် သံခွံစက်လှေ (နှစ်) စီးလွှဲပြောင်းပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ‌ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီး အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပရာ အခမ်းအနားသို့ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ကော်မတီဝင်မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ထူးထက်ရှိန်ကုမ္ပဏီပိုင်ရှင် ဦးတင်ရှိန်စသဖြင့် (၂၅) ဦး တက်ရောက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ထီးလင်းမြို့နယ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာ‌ပေး ရှင်းလင်းပွဲပြုလုပ်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာ‌ပေး ရှင်းလင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အောင်မြေသာစံ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်တွင် MRCCI နှင့် ညီနောင်အသင်းများက အခြေခံစားသုံးကုန်များ မူလတန်ဖိုးထက် လျှော့ချပြီးရောင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား၊ ပြည်သူများအား ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံ စားသုံးကုန်များ ရောင်းချခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်

တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက စားသောက်ဆိုင်များ၊ လူစည်ကားရာနေရာများ၌ အသိပညာပေး ပိုစတာများကပ်၍ ကြေညာထားသည်။

ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  မြို့မဈေး၊ ကားဂိတ်များ၊ ကတို့ဆိပ်များ အစရှိသည့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မှန်ကန်သော လက်ဆေးနည်းစနစ်များကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်

မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို  ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ