ဝေးလံခေါင်ဖျားဒေသသတင်းများ

ထန်တလန်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများကို ကျေးရွာ(၅)ရွာအတွက် လွှဲပြောင်းပေးအပ်

ထန်တလန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲ‌ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅)နှစ် အထိ ကလေးများအား သန်ချဆေးနှင့် မျက်စိအား တိုးဆေး(ဗီတာမင်-အေ)တိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် အသက်(၆)လမှ (၅) နှစ်အထိ ကလေးများအား ပုံမှန်တိုက်ကျွေးလျက်ရှိသော သန်ချဆေးနှင့် မျက်စိအားတိုးဆေး(ဗီတာမင်-အေ) ကို ယနေ့ နံနက်(၈)နာရီမှစ၍ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် နှိုးဆော်ခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများအား ထုတ်ပြန်ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဆန္ဒမဲပေးခွင့် မရှုံးဆုံးစေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈)ရက် နေ့တွင်ကျင်းမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထား ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။

​မယ်စဲ့မြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲစာရင်းလာရောက် ကြည့်ရှုရေးအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ​ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။

ပန်နန်းဒင်မြို့၌ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။

ချီဖွေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ် ထောင်စုလျှင် ငွေကျပ်နှစ်သောင်းတိတိကို တတိယအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများကို ချီဖွေမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌ ဦးညွှန့်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ချီဖွေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၏ နေအိမ်များထံ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ