မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် “ရုံးသုံး မြန်မာစာရေးသားနည်း” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူများအား အသိပညာတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့သည်။