ဝေးလံခေါင်ဖျားဒေသသတင်းများ

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် လာရောက်အားပေး

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (COVID-19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချလျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းသို့ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်သည် ယနေ့နံနက် ၉ နာရီတွင် သင်တန်းဖွင့်လှစ်လျက်ရှိ သည့် ဟားခါးမြို့စျေးသစ် ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်းသို့ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပညာသင်ကြားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပညာသင်ကြားမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အဖွဲ့မှ ယနေ့နံနက် ၁၁ နာရီက မြို့မအခြေခံပညာ အထက်တန်း ကျောင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြည်သူ့စာကြည့် တိုက်ခန်းမ၌ ယနေ့နေ့လယ် (၁)နာရီ အချိန်က ပြသဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် သမဝါယမဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းသင်တန်း (On Job Training)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး၊ ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားရေး ရည်ရွယ်လျက် အခြေခံစာရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ လုပ်ငန်းခွင်မပျက် ပညာပေးသင်တန်း (On Job Training) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ချင်းပြည်နယ် သမဝါယမ အသင်းစုချုပ်ဉက္ကဋ္ဌ ဦးခမ်ကြုံးနှင အဖွဲ့ဝင်များ၊ ပြည်နယ် သမဝါယမ ဦးစီးဌာနရုံးမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် လာရောက် စာပေဖတ်ရှု လေ့လာနေသည့် စာဖတ်ပရိတ်သတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ရှင်ဗွေယန်မြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ/ ရသ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။

ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀) ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။

လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ် အောက်ကလေးများနှင့် ကျောင်းမနေ ကလေးများအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးမျာနှင့် ကျောင်းမနေကလေးသူငယ်များအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်၌ တိုးချဲ့(၂)ရပ်ကွက် စာသင်ကျောင်းတွင် တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြော်ငြာစဉ် လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာပြီး ဩဂုတ် ၁၄ ရက်အထိ ထပ်တိုးကြေညာသော်လည်း စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု သူ နည်းပါးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၁၄)ရွာသို့ အိမ်တိုင် ရာရောက် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်း ကွန်ကရစ်ခင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ယခင်က ကျောက်ခင်း မြို့ပတ်လမ်းအပေါ် အဆင့်မြှင့်တင်ခြင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းပြီးစီး မှုအခြေအနေတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်အရည်အသွေး စိစစ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းဖြင့် ချေးငွေထုတ်ချေး ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကန်ကျေးရွာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ