ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ဟားခါးမြို့၌ ဖွင့်လှစ်သင်ကြား
ချင်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် ဟားခါး မြို့ စျေးသစ်ရပ်ကွက် ကာရာနီနှစ်ခြင်းအသင်း တော်ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်တွင်သင်္ဘောသီးယို ပြုလုပ်နည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။