လိုင်လင်းပီ၌ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရန်အတွက် စာရင်းကောက်ခံခြင်းဆောင်ရွက်
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရေးအတွက် ကြိုတင်အသိပေး နှိုးဆော်ခြင်းနှင့် စာရင်းများ ကောက်ယူဆောင်ရွက်ခဲ့ကြရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် အမျိုးသမီးငယ်များ စုစုပေါင်းလဦးရေ (၇၄)ဦး စာရင်းကောက်ခံရရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။