ဝေးလံခေါင်ဖျားဒေသသတင်းများ

ဖားကန့်၌ ဒုတိယအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များ ခွင့်ပြုချထားပေးမည်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်း တူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြုလျှောက်လွှာ များကို မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ ဩဂုတ် ၂၄ ရက်နေ့မှ စတင်၍ စိစစ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖား​ဆောင်းမြို့ သံလွင်မြစ်​ရေ ပြန်လည်ကျဆင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး ယခုအခါ သံလွင်မြစ်ရေအမှတ်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန်မှ စတင်၍ ကျဆင်းနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဖားကန့်၌ ကိုဗစ်-၁၉ ဒုတိယလိုင်း ကြိုတင်ကာကွယ်မှု ပထမခြေလှမ်းအဖြစ် မြို့နယ်လုံးကျွတ် Face Mask များ အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဒုတိယလိုင်း ကြိုတင်ကာကွယ် ဆောင်ရွက်မှု ပထမခြေလှမ်းအနေဖြင့် မြို့နယ်လုံးကျွတ် နှာခေါင်းစည်း Face Mask များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်းများ ယနေ့နံနက်ပိုင်းက ဝေငှပေးခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ပထမအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် အမည် စာရင်းထုတ်ပြန် ကြေညာခဲ့ရာ ပုံစံ(၃)ဖြင့် အမည်စာရင်းတင်သွင်းသူ(၁၈၁၀)ဦး ပုံစံ(၄)ဖြင့် ကန့်ကွက် သူ (၉၁၉)ဦးပုံစံ (၄-ဂ)ပြင်ဆင်သူ(၁၇၄၂)ဦးရှိ

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် ပထမအကြိမ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန် ကြေညာချက်အရ လဟယ်မြို့နယ်တွင် မဲပေး ပိုင်ခွင့်ရှိသူ ကျား-(၁၆၁၉၃)ဦး၊ မ-၁၆၁၃၂ဦး စုစုပေါင်း(၃၂၃၂၅)ဦး ရှိပြီး မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ကြေငြာချက်အရ ပုံစံ(၃)ဖြင့် အမည်စာရင်း တင်သွင်းသူ(၁၈၁၀)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၉၁၉)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သူ(၁၇၄၂)ဦးရှိကြောင်း သိရှိရသည်။

ဒေါ့ဖုန်းယန်မြို့ စျေးအတွင်းတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရန် လိုက်နာဆောင်ရွက် ရမည့် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဒေသအတွင်း၌ အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပေါ်စေရေး စီးပွားဖြစ် ဝက်မွေးမြူသူများနှင့် ဝက်ကုန်သည်များ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက မြို့စျေးအတွင်း၌ စိုက်ထူခဲ့သည်။

မင်းတပ်မြို့၌ မဲစာရင်းပြည့်စုံ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

မင်းတပ်မြို့ရှိ ပြည်သူများ၏မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကုတ်နံပါတ်များနှင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ သာသနာ့အကျိုးတော်ဆောင် အဖွဲ့များမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များနှင့် သီလရှင်အတွက် ကိုသာပိုနှင့် မိဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခြင်းကို ဩဂုတ်(၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မဗဟိုကျောင်းတိုက်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

သံလွင်မြစ်​ရေမြှင့်တက်လာမှုအ​​ခြေအ​နေအားတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး ယာယီ​ရွှေ့​ပြောင်း​​နေရာချထား ခြင်းများ​ဆောင်ရွက်

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်းတွင် သံလွင်မြစ်​ရေမြှင့် တက်လာမှုအ​ခြေအ​နေကို မြို့နယ်သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲမှု​ ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များက ယ​နေ့​နေ့လည် (၁၁)နာရီ အချိန်က သံလွင်မြစ်​ကြောင်း တစ်​လျှောက် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့ရက်အလိုက် ထုတ်ပေး

ဂန့်ဂေါခရိုင်၊ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့ နံနက် ၇ နာရီခွဲမှစ၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ပင်စင်စားများအား နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ