တနိုင်းမြို့နယ်၌ ကျွဲ၊နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လကုန်ထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။