ဝေးလံခေါင်ဖျားဒေသသတင်းများ

ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက် မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ​ရေးကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မြို့အဝင်/အထွက်ဂိတ်၌ ပြန်လည်ဖွင့်လှစ်ပြီး တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် ယနေ့ နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လွယ်ဂျယ်မြို့၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action lan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

တီးတိန်၌ နိုင်ငံခြားအရက် အမျိုးမျိုး တရားမဝင် တင်သွင်း ရောင်းချနေခြင်း တို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချစေခြင်း လုပ်ငန်းစီမံချက်များ ရှင်းလင်း

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြည်တွင်း၌ နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင် တင်သွင်းရောင်းချခြင်း တို့အပေါ် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ၌ အာဖရိက၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကြီးမှူး၍ အာဖရိက ၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် တိုးပွားရေးနှင့် စာပေချစ်သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့စာကြည့်တိုက်သို့လာရောက် လှူဒါန်းကြသည်။

တွန်းဇံမြို့၌ COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။

ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင်ရောင်းချခွင့်ပြုထားသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချရန် အသိပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်အတွက် ဩဂုတ်လ (၂၄)ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ