ဝေးလံခေါင်ဖျားဒေသသတင်းများ

ဖရူဆိုမြို့၌ ပန်းချစ်မြတ်နိုးသူများအတွက် အခြေခံပန်းအလှပြင်သင်တန်း ဖွင့်လှစ်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန် ရည်ရွယ်၍ အခြေခံပန်းအလှပြင်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဖလမ်း၌ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေေကြေးထောက်ပံ့ငွေများ ထုတ်ပေး

မိခင်နှင့်ကေလးသူငယ်များ၏ ဘဝပထမရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာ ရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ဖာရ်ထောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တီးတိန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တာ်ကိုယ်စားလှယ်အမတ်လောင်းများ၏ အမည်စာရင်းများ ကြေညာကပ်ထား

၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်၌ သြဂုတ် ၃၁ ရက်နေ့မှ စ၍ ကြေညာကပ်ထားသည်။

ဖားဆောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန် ကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လွှတ်တော် မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀)ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်ဆင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ ဘိုးဘွား(၄၀)ဦးအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်း၊ ဆံသ ခေါင်းညှပ်ပေးခြင်း၊ သွေးပေါင် တိုင်းပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်း၊ ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်ပေးခြင်းနှင့် အထွေထွေ ရောဂါများကို စမ်းသပ်ကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အော်ဒါမင်းဂျီဆေးများကို ဘိုးဘွားများအား ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြေညာကပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် သြဂုတ်လ (၃၀)ရက် နံနက် (၁၁)နာရီအချိန်ကစတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြော်ငြာဘုတ်တွင် ကပ်ထားကြောင်း သိရှိရသည်။

တနိုင်းမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးကြီးအတွင်းနှင့် ပျံကျဈေးသည်/ဈေးဝယ်များ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အသိပညာပေးသင်တန်းပို့ချ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ် ပြည့်ပြီးသော အမျိုးသားလူမှုရေးပင်စင် ရရှိရေးနှင့်ပတ်သက်၍ လူမှုရေးပင်စင် အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ