ဝေးလံခေါင်ဖျားဒေသသတင်းများ

ကျောက်တလုံးကြီးမြို့၌ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ ပထမနိမ္မိတ သပိတ် မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၁)နှစ်ခွဲ အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ကွီးလော်ဖလိုးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် စုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူစည်ကားသော လမ်းဆုံများ၊ ပျံကျစျေးများတွင် (mask) နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို ယနေ့နံနက်(၆)နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုကို တာဝန်ရှိသူများ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work(CFW)စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဒွန်းကျိုင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးငယ်များအား တတိယကြိမ်နှင့်စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယ အကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အာရောဂျဒါနဆေးရုံ၌ ကျင်းပပြုလုပ်သည်။

ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း စိစစ်ဖြည့်သွင်းမှုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စိစစ်ဖြည့်သွင်းမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Township Level Advocacy meeting and Training for mandatory case ဆွေးနွေးပွဲ ရပ်စောက်၌ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် Advocacy meeting and Training for mandatory case ကျန်းမာရေး အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့၌ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဝေငှပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်မ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့တွင်းလူသွား လမ်းဆုံ နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာ သင်တန်းဆင်းပွဲပြုလုပ်

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းဘုရားကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အင်ဂျန်းယန်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကွမ်ဂျီးက အဖွင့်အမှာစကား ပြောကြားသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ