ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာများ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။