ထန်တလန်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရောင်ပြန်(Sticker) များ ကပ်နှိပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။