ဝေးလံခေါင်ဖျားဒေသသတင်းများ

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂)ဦး ပြန်လည် ကျန်းမာလာသူ(၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူဆေးရုံနှင့် ကျီခါးတိုက်နယ် ဆေးရုံတို့တွင် ယနေ့ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၂)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ(၄)ဦး ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၉ ရက်နေ့ ညနေ (၄)နာရီ အချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွားလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကချင်ပြည်နယ် တနိုင်းမြို့နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆွတ်ငိုင်ရပ်ကွက် သာယာသစ်အပိုင်းရှိ အမက သာယာသစ် ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ လုပ်ငန်းညှိနှုင်း အစည်းအဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးကို ယမန့်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

နာဂဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချ ကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ဇူလိုင် (၆)ရက်နေ့ နံနက် ၁၀ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကာမိုင်းမြို့ စည်ပင်သာယာစျေးရှေ့နှင့် မြို့လယ်တြိဂံလမ်းဆုံ၌ Mask Campaign လှုပ်ရှားဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ စည်ပင်သာယာစျေးရှေ့၌ စျေးသို့ လာရောက်သည့် ပြည်သူများနှင့် မြို့လယ်တြိဂံလမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးအနေဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

ရှင်ဗွေယန်မြို့ ရပ်ကွက်(၃)အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း စတင်ဖွင့်လှစ် ပညာသင်ကြားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ရပ်ကွက်(၃) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စတင်ဖွင့်လှစ် ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအသစ် ၃၅ ဦး ထပ်မံတွေ့ရှိ၊ ယနေ့အထိ ပိုးတွေ့လူနာ ၁၃၉ ဦးရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က ဒေသခံပြည်သူ (၂၂၅)ဦး Test Kid ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ‌တွေ့ရှိသဖြင့် ဟားခါးမြို့တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၁၃၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာန တို့ပူးပေါင်း၍ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့နယ် စည်ပင်သာယာစျေး အတွင်း၌ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ