ဝေးလံခေါင်ဖျားဒေသသတင်းများ

ဆင်ဘိုမြို့ တောပင်လုံကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပြီးစီးမှု အပေါ်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ တောပင်လုံကျေးရွာ၌ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၅၀၀၀၀၀၀/-(ကျပ်ကိုးဆယ့်ငါးသိန်းတိတိ)ဖြင့် ဆောင်ရွက်နေသည့် Dream House Kachin ဆောက်လုပ် ရေးကုမ္ပဏီမှ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးထားရှိမှု အခြေအနေကို အရည်အသွေး စစ်ဆေးရန် တာဝန်ရှိဌာနဆိုင်ရာများမှ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

နောင်မွန်မြို့နယ်၌ ရဲမှုထမ်းဟောင်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ရဲမှုထမ်းဟောင်း မျာအား ကိုဗစ်-၁၉ ကာလအတွင်း တစ်ဖက်တစ်လှမ်းမှ မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် ရဲမှုထမ်းဟောင်းများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ​နံနက် ၁၀ ခန့်က နောင်မွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပသည်။

ဖလမ်း၌ ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် Facility Quarantine (၁၄)ရက် ပြည့်သူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်း နှင့် အာခေါင်တို့ပတ်(Swab )ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့ရာမှ ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

ပလက်ဝမြို့၌ စက်သုံးဆီ(ဒီဇယ်ဆီ) ပြတ်လပ်မှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု (၄)ရက်ကြာ ယာယီဖြတ်တောက်ခဲ့ ရာမှ ယမန်နေ့ညမှစ၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ ၊ ပယ်မဲ နမူနာပုံစံများ ရွေးကောက်ပွဲပြီးသည့်နေ့ထိ ကပ်ထားပေးမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲ နမူနာပုံစံများကို ယမန်နေ့ နံနက် ၉ နာရီက ကပ်ထားပေးကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်နှင့် ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုအောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးတို့အား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကွမ်ဂျီးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ပလက်ဝမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)နှင့်သံချဆေး တိုက်ကျွေး

ပလက်ဝမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သံချဆေးတိုက် ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ဟားခါးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဉီးမြင့်ဉီးက အဖွင့်အမှာစကား ပြောကြားသည်။

ထန်တလန်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ထန်တလန်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ