ချီဖွေမြို့ စခန်း (၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဘေးအမျိုးမျိုး ကြုံတွေ့နေရသူများအား လတ်တလောသက်သာချောင်ချိရေး ဆောင်ရွက်ပေးခြင်းနှင့် (IDPs) စခန်းများတွင် နေထိုင်သူများအား စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များ ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့ နံနက် (၉)နာရီခွဲတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။