ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။