ဝေးလံခေါင်ဖျားဒေသသတင်းများ

မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူများအတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေ ထည့်ဝင်လှူဒါန်း

မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူ (၁၀၁)ဦးအတွက် ရေ/မီး၊ အိပ်ဆောင် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေ လာရောက်ထည့်ဝင် ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ထန်တလန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်း ဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေ(၂၆၃၄၀၀၀၀)ကျပ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရိခေါ်ဒါရ်မြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်သည်။

ကလေးဝမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ် ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထကကျောင်း၌ ပေးအပ်ခဲ့သည်။

မတူပီမြို့၌ အထက(၂)​ ကျောင်းကို Quarantine Centre အဖြစ် ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် Quarantine Centre ကို စန်ဘောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လိုအပ်သော အသုံးအဆောင်များ ဖြည့်တင်းခြင်း၊ ကျန်းမာရေး ဆောင်ရွက်ပေးရန် စီမံခြင်းလုပ်ငန်းများကို ကြိုတင်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်က ကျေးတော်ခူကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် အသိ ပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျသွားသည့် ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာ၏ ဘောလုံးကွင်း ပြန်လည်ပြုပြင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျ ပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။

ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၃ ရက်က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခု၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ