ဝေးလံခေါင်ဖျားဒေသသတင်းများ

ကျိုင်းတောင်းမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးအသိပညာပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ သောက်သုံးရေဖြန့်ဝေပေးနိုင်မည့် နမ့်ဆန်တိုးချဲ့ရေးပေးဝေရေးလုပ်ငန်း ကိုးဆယ်ရာခိုင်နှုန်း ကျော် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ သောင်သုံးရေရရှိရေးလုပ်ငန်းကို စျေးတန်းကွက်သစ်ရပ်ကွက်၌ သြဂုတ်လ ၂၁ရက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများသည် ကိုးဆယ်ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးပြီဖြစ်သည့်အတွက် မကြာခင် သောက်သုံးရေးများကို ဖြန့်ဝေပေး တော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံက သိရသည်။

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၂၁)ဉီးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၂၁)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။

မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့တို့က အသိပေးခြင်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှတစ်အိမ်ထောင်လျှင် ကျပ် (၂)သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်များတွင် အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့အတွင်း စတုတ္ထအကြိမ် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ်အရောက် ထပ်မံပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း ပွဲကြည့်စင်များ တည်ဆောက်မှု ၆၅ ရာခိုင်နှုန်းပြီးစီး

ချင်ပြည်နယ်၏ အထင်ရှားဆုံး ဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း၏ ပွဲကြည့်စင်များကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်က တည်ဆောက်ခဲ့ရာ ပျက်စီး ယိုယွင်းခဲ့သဖြင့် ချင်းပြည်နယ် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင် ထံမှ သိရသည်။

ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် (၂) သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း သည့် အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ