ဒေါ့ဖုန်းယန်မြို့ ဈေးနှင့်လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ ဈေးနှင့် လမ်းသွား လမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်း နှင့်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီက ဒေါ့ဖုန်းယန်မြို့ ဈေးအဝင်ပေါက်နှင့် ဈေးအရှေ့တွင် ဆောင်ရွက်ခဲ့သည်။