ဝေးလံခေါင်ဖျားဒေသသတင်းများ

တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရေတိုက်စားခံရသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ခြင်းနှင့် ရေတိုက်စားမှုများဖြစ်ပွားလျက်ရှိရာ လမ်းကြောင်းများ ယာယီပြတ်တောက် လျှက်ရှိပြီး အဆိုပါ နေရာများတွင် အများပြည်သူများသွားလာရာ၌ ဘေးအန္တရာယ်မဖြစ်ပွားစေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ယ၎င်းန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ကန်ပက်လက်မြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ(၂၅)လုံးတည်ဆောက် ပေးနိုင်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၅)ရွာတွင် ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ယာ(၂၅)လုံးအား တည်ဆောက်နိုင်ခဲ့ကြောင်း နယ်စပ်ဒေသ နှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ရန်အတွက် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်ဖြစ် ကြောင်း ချီဖွေမြို့မရဲစခန်းမှ သိရသည်။

ရှင်ဗွေယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၂၀၀၄)စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀၄)စု တို့အတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေ(ကျပ်နှစ်သောင်း)တိတိ ထောက်ပံ့ခြင်းအစီအစဥ်ကို စက်တင်ဘာလ(၂၇)ရက်၊ နံနက်(၁၀)နာရီမှ စတင်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများ ရောက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံး (၃၆၄)ပုံး ရောက်ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကုသကာကွယ်ထိန်းချုပ်ရေးဌာနများ၊ ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ထန်တလန်မြို့နယ်တွင် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ထန်တလန်မြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လမ်းဘေးမြေစာပြိုကျမှု ဆက်လက်ဖြစ်ပွားခြင်းကြောင့် ချီဖွေ - ပန်ဝါသွား ကားလမ်း ယာယီပြတ်တောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ- ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၃) မိုင်နှင့် (၉) မိုင်ခန့် အကွာ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လမ်းဘေးမြေစာများ ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့ရာမှ ချီဖွေ- ပန်ဝါလမ်း ယာယီပြတ်တောက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ