ဝေးလံခေါင်ဖျားဒေသသတင်းများ

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် Online ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် မင်းတပ်ခရိုင်အတွင်းမှပြိုင်ပွဲဝင်(၇)ဦး ဆုရရှိ

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသား Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲသို့ မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်နှင့် မတူပီမြို့နယ် များမှ မြို့နယ်ကိုယ်စားပြု အမျိုးသား (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

မတူပီမြို၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်း၌ ကျင်းပပြုလုပ်သည်။

ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ တစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်င ံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိကြောင်းသိရသည်။

မတူပီမြို့၌ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ သိရှိနိုင်ရေး လှည့်လည် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျီခါးမြို့ မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များမှ လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ကျီခါးမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကျီခါးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများ၌ နှာ‌ခေါင်းစည်း(Mask) တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ် ဆောက်လုပ်မှု ရာခိုင်နှုန်းပြည့် ပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်အား ပြည်ထောင်စုရန်ပုံငွေဖြင့် ပူတာအိုမြို့ မြို့မရပ်ကွက် ပြည်သူ့အားကစား ကွင်း အနောက်ဘက်တွင် အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ရုံးအဆောက်အအုံသစ် ဆောက်လုပ်မှု ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေ ကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြားရှိ တင်ဒါလုပ်ငန်းများအတွက် မြို့စည်ပင် သာယာရေးအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိသည်။

မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ (၁၀၀)ဦးအထိ ရှိ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ တင်းကြပ်စွာဆောင်ရွက် လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့အထိ ပြည်တွင်း၊ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၀၀)ဦးအထိရှိလာကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ