ဝေးလံခေါင်ဖျားဒေသသတင်းများ

ထန်တလန်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းများအတွက် သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Center ၌ ကျင်းပသည်။

ကန်ပက်လက်၌ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြား တင်ဒါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံသို့ လျှောက်ထားနိုင်

ကန်ပက်လက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း(၁၀၀) ကြား တင်ဒါလုပ်ငန်းများကို ၁၆-၁၀-၂၀၂၀ ရက်နေ့၊ ညနေ (၁၆:၃၀) နာရီနောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

ထန်တလန်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် မြို့မစျေးရှေ့၌ နှာခေါင်းစည်း(Mask) (၆၅၀)ခုအခမဲ့ဖြန့်ဝေ

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်) မှ ယာဉ်ထိန်းရဲအုပ်(တာဝန်ခံ) စိုးဝင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)(၆၅၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟားခါး ၌ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ ဘိုးဘွား ၂၃၀ ဦးအား ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယ‌နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့က စတင်၍ ထုတ်ပြန်ကြေညာခဲ့သည်။

ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားတင်ဒါလုပ်ငန်းလျှောက်လွှာများခေါ်ယူ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ လုပ်ငန်းများကို ခိုင်ကမ်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ ခိုင်ကမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ် (၁၀)သန်းမှ သန်း(၁၀၀)လုပ်ငန်း (၃) မျိုးကို လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိကြောင်းသိရသည်။

မဲရုံဆိုင်ရာဆင့်ပွားသင်တန်းသို့ တက်ရောက်ရန် ဖားကန့်သို့လာမည့် ဆရာ/ဆရာမ အားလုံး Facility Quarantine (၁၄)ရက် နေရမည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် ဖွင့်လှစ်မည့် မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို တက်ရောက်ရန် ဖားကန့်မြို့နယ်ပြင်ပမှ လာရောက်ကြမည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်း၌ သင်တန်းမတက်ရောက်မီ Facility Quarantine (၁၄)ရက် နေကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လိုင်စင်လုပ်ငန်းအား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ်ဆောင်ရွက်သွားမည်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လေးမျိုးကို ချိတ်ပင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အဆိုပါ လုပ်ငန်းလိုင်စင် လေးမျိုးအနက် တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ