မချမ်းဘောမြို့၌ ရွေးကောက်ပွဲနှိုးဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မချမ်းဘောမြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။