မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။