ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီခွဲက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းခန်းမတွင် ယမန်နေ့နံနက်က လူငယ်၊ လူရွယ်များ၊ ​ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်​ ပြီးပြည့်စုံစေရန်  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ နွယ်သာကီခန်းမ၌ကျင်းပခဲ့သည်။

လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

တာမိုးညဲမြို့(အ.ထ.က)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ အတတ်ပညာပြည့်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ အ.ထ.က-ခွဲ(လွယ်ယင်း)ကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (လွယ်ယင်း)တွင် ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့ အ.လ.က(ခွဲ) နောင်ကျော့ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို နောင်ကျော့ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စက်တင်ဘာလ ၁၉ ရက်နေ့နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်များ ငှားရမ်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် စာဖတ်ပရိတ်သတ်များထံ စာအုပ်များ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နေ့လယ် ၂ နာရီ၌ အ.မ.က ဓညဝတီ(က)ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ မြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) လင်းသာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ