မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။