ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ မွန်းလွှဲ(၁)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယ‌မန်နေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ကျောက်တလုံးကြီးမြို့ အ.မ.က နောင်ယာဆိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် လူသားကောင်းများဖြစ်ထွန်းစေရန်၊ ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို မွေ့လျော်ပျော်ပိုက်ပြီး စာဖတ်လိုသည့် အလေ့အထရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အားလပ်ချိန်ကို စနစ်တကျမှန်ကန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီက အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆောင်းပြောင်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

လူငယ်၊ လူရွယ်များ၊ ​ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်​ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆောင်းပြောင်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းယုမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကာယ ဉာဏဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ  ကာယဉာဏ စွမ်းရည်တိုးတက်စေရန်အတွက် ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများဆောင်ရွက်ပေးခဲ့သည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် မုန့်စားပြိုင်ပွဲနှင့် အပ်ချည်ထိုး ပြိုင်ပွဲများကို  ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် အ​ခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ