ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဆီဆိုင်မြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ  လင်းထိပ်သျှင်နှင့်အခြား ရေးသားထားသော "မြို့များ ရာဇဝင်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန၌ “Book Club”အသင်းဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဇင်(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော “အိမ်မက်ကောင်းကင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာ ပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာကျော်ဦး ရေးသားသော “ရေကြည်တစ်ပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ငှားရမ်း‌ပေးခဲ့သည်။

ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် Book Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားသော "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ