ကျိန္တလီမြို့ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက Book Clup အဖွဲ့ဝင်များဖြင့်စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။