ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တောင်တွင်းကြီးကြီးမြို့နယ် အ.လ.က (မြို့မ) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်စာပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် ယမန့်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပခဲ့သည်။

အောင်လံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းကစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပိုက်ကျော်ခြင်း အားကစားစပ်ကော်မတီတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းတွင် ကျင်းပလျက်ရှိသည်။

ဘားအံခရိုင် Community Centre ခန်းမတွင် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသအတွင်း ပေါများစွာထွက်ရှိသော သစ်သီးဝလံများကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဘားအံခရိုင်၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် Community Centre ခန်းမတွင် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသအတွင်း ပေါများစွာထွက်ရှိသော သစ်သီးဝလံများကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည် ရွယ်၍ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုဘားအံခရိုင်၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသထားရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club ၊ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓာတု)၏ “တွင်းအတွေးစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

စိုက်ပျိုးရေး‌သိပ္ပံ(သထုံ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာရေးဆရာ ရွှေကိုင်းသားရေးသားထားသော ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှုအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကလောမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ ၁ နာရီက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ