ကာလိမြို့၌ ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာပေဖတ်ရှု့လေ့လာတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) ကျိုင်းလွန်းကျောင်း ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။