ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲနှင့် ဘင်ခရာ၊ ပန်းဖွားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲနှင့် ဘင်ခရာ၊ ပန်းဖွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။