ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

လဲချားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေနေ့လယ်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ အခြေခံရှမ်းစာနှင့် ရှမ်းစကားပြောနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံ ရှမ်းစာနှင့်ရှမ်းစကား ပြောနည်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၄ ခုနှစ် နွေရာသီ အင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်

အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီ ကျောင်းအားရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်ဘာသာစကားကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ