ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တပ်ကုန်းမြို့၌ သုတစုံလင်စာဥယျာဉ်အစီအစဉ် Online အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ သုတစုံလင်စာဥယျာဉ် အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို Online မှ တစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ “အလှဆုံးအပြုံး မေမေ့ မျက်နှာ” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၌ ပြည်သူများအသိပညာပေးနံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာဖတ်သူ တိုးပွားစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြန့်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် စံညီစာကြည့်တိုက်များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှု စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နံနက်နက်ပိုင်းတွင် စံညီစာကြည့်တိုက် များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ မိဘပြည်သူများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ သို့ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များ စုပေါင်းပါဝင်စိုက်ပျိုး

ဇွန် (၂၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ တက္ကသိုလ်ဝင်းအတွင်းရှိ

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ