ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

လဲချားမြို့နယ် (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း/ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့၏  စာဖတ်ဝိုင်း/ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊

မံစီမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် အသစ်ငှားရမ်းပေးခြင်းနှင့် ယခင်ငှားရမ်းထားသော စာအုပ်များပြန်လည် သိမ်းဆည်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းသွား‌ရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်က ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံမြို့နယ် ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက နောင်တုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ