ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း၊ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက် ငှားရမ်းပေးခဲ့သည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်း၍ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃ နာရီခွဲအချိန်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

မဘိမ်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cpmmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းတို့သည် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောညိုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်မဲမြို့၊ အ.မ.က(၃)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ.မ.က ၃ ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီခွဲအချိန်က လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကနယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့သည်။

ပင်လုံမြို့(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး(Community Centre)ခန်းမ၌ စာရေးဆရာထိန်လင်း (BE.Mechanical)၏ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲ​ကြသူများ၏ ဘဝပုံရိပ်များစာအုပ်ဖြင့်
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ