ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မိုးကောင်းမြို့ Community Centre ခန်းမ၌ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့ကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

ချောင်းဆုံမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ (ပြန်/ဆက်)ဌာနမှ ဝန်ထမ်းများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ကမမောင်းမြို့တွင်   ကျောင်းသား/ကျောင်းသူများ  ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက်  အားကစားလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကမ‌မောင်းမြို့လူထုအခြေပြုဗဟိုဌာန  (CommunityCentre) ခန်းမ၌    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာအုပ်များလှူဒါန်း

ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတရသစာအုပ်များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ

သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရာင်ခြယ်ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့့်် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ် သွေးမြင့်မားစေရန်၊  စာကြည့်တိုက်သို့  လာရောက်သည့်အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ယမန်နေ့နေ့လယ်(၂)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုးကြိုတင်ကာကွယ် နိုင်ရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ရွှေကူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခန့်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ်

၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို မိုးကောင်းမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့သည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ