ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။