ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ လက်မှုပညာ ဖွံ့ဖြိုးတိုးတက်ရေး စက္ကူခေါက်ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌ရေး၊ လက်မှုပညာဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက ပြိုင်ပွဲများ  ဆောင်ရွက်ပေးခဲ့သည်။

စုကလိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် စာဖတ်သူများအနေဖြင့် အသင်းအဖွဲ့အလိုက် ဆောင်ရွက်တက်စေရန်နှင့် စာအုပ်စာပေများအားဖတ်ရှုပြီး ပြန်လည်မျှဝေတတ်စေရန် စသော ရည်ရွယ်ချက်များဖြင့် ယမန်နေ့ညနေ ၃နာရီ အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် Community Center တွင် ပြုလုပ်ခဲ့သည်။

ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (Fitness Dance) သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာလေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုယ်ကာယကြံ့ခိုင်ရေး (Fitness Dance) သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့၌ အမုန်းစကားနှင့် သတင်းအမှား ဆိုင်ရာ Talk Show ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမုန်းစကားနှင့် သတင်းအမှားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

သီပေါမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပျော်ရွှင်စရာပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအနေဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် Community  Centre ခန်းမတွင် Book  Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ စာဖတ်အား ကောင်းမွန်လာစေရန်၊ အကောင်းအဆိုး၊ အမှားအမှန်သိရှိစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး (Book Club) အဖွဲ့ဝင်များက စာရေးဆရာမနန္ဒခင်၏ အဖေ့ခြံနှင့် အခြားရသဝတ္ထုတိုစာအုပ်အား ယမန်နေ့နေ့လယ်(၂)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌနရုံးတို့ပူးပေါင်း၍ Online စနစ်ဖြင့် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့ နေ့လယ်(၂)နာရီ အချိန်က ကလေးသူငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်အကြောင်း သိရှိစေရန်နှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ