နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြော
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။