ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိသာ ၅၄၀၀ ကျပ်ဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားသုံးသူ လက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိသာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက် (၇)နာရီက မြို့မဈေးကြီး အနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ကလွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်း၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club )တို့  ပူးပေါင်း၍ စာ​ရေးဆရာ ချစ်နိုင်ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း“ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြပွဲကျင်းပ

ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွက်ဆိုပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပလတ်စတစ်ခြင်းရက်လုပ်နည်း Online မှရိုက်ကူးထုတ်လွှင့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးနှင့် အိမ်တွင်းလက်မှုစီးပွားရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေးအတွက် ပလတ်စတစ်ခြင်း ရက်လုပ်နည်းအား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခြင်းကို  ယမန့်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းယောင်းမြို့တွင် “လူငယ်များနှင့် ပရဟိတစိတ်ထား”အကြောင်း ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက “လူငယ်များနှင့် ပရဟိတစိတ်ထား”အကြောင်း ဆွေးနွေးသည်။

ဘားအံမြို့၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်များ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် သမဝါယမ ဦးစီးဌာနများသို့  စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ