ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများစာပေဖတ်ရှု လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။

မိုင်းယောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ”ခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

နမ့်စန်မြို့ အထက(ဟိုက်ဖတ်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲ က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကာလိမြို့ အ.လ.က(ဟိုပန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် အခြေခံပညာအလယ်တန်း၊ ဟိုပန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

နောင်ချိုမြို့နယ်တွင် “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့” အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီကိုအလွန်အကျွံစားသုံးခြင်းမှ ရှောင်ကျဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုအလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့” အသိပညာပေး Talk Showအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲ ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့(Community Centre)၌ ဒေသခံတိုင်းရင်းသူများအား သက်မွေးပညာရပ်များ တတ်မြောက်ရေး၊ ၀င်ငွေတိုးပွားရေးအတွက် အခြေခံစက်ချုပ်ပညာသင်တန်း ဖွင့်လှစ်ပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံအမျိုးသမီးများ ဝင်ငွေတိုးပွားရေး၊ အသက်မွေးပညာရပ်များ တတ်မြောက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ