ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး စာဖတ်ဝိုင်းဆောင်ရွက်ပေး

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝတိုးတက်စေရန်နှင့် စာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန်တို့အတွက် ယနေ့နံနက် ၁၁ နာရီက  ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာစောင် ငှားရမ်း၊ဖတ်ရူသူ နေ့စဉ်များပြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာ‌စောင်များငှားရမ်း‌‌ပေးရာ နေ့စဉ်စာကြည့်တိုက်တွင်လာရောက် ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပုံတူပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စကားပုံဆက်ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် E-Library Management System Software (LMS)အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် E-Library Management System Software (LMS) အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk  Show   ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk   Show  ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် Community     Centre  ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို  ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ