ရပ်စောက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို မြို့ဦးရပ်ကွက်ရှိ အ-မ-က (ဟိုပင်) ကျောင်း၌ ယနေ့နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။