ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

စုကလိမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး Talk show ပြုလုပ်

စုကလိမြို့နေပြည်သူများအနေဖြင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေး နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအချက်ပြသင်္ကေတအမှတ်သားများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများအကြောင်း သိရှိစေရန် ရည်ရွယ်ချက်များဖြင့်စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး Talk show ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

သထုံခရိုင်လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလဲပိုင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk show ကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံ အရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်မန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.မ.က မူလွန် နတ်မောက်ကျောင်းခန်းမ၌ ကျင်းပသည်။

အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk-Show)ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (talk-Show)ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ကလောမြို့နယ်တွင် စာပေချစ်သူများ (Youth Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာပေချစ်သူများ (Youth Club) ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နေ့လယ် ၁၂ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍  စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် “လူငယ်နှင့်အထက်တန်းစား စိတ် ဓါတ်’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ ၁နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ