ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ် လာစေရန်နှင့် ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Youth Club )နှင့်စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ အထိမ်း အမှတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး(၁၆)ရက်တာ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ ကျောက်မဲမြို့အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ရသဥယျာဉ် စကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့စဉ် ထိတွေ့ဖြတ်သန်းနေရသည့် လူမှုဝန်းကျင်တွင် ကိုယ်ချင်းစာတရားဖြင့် ယုတ္တိတန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်ဆက်ဆံနိုင်စေရန်နှင့် အများအကျိုး ရပ်ရွာအကျိုးသယ်ပိုးစေနိုင်ရန် ရည်ရွယ်၍ "ပရဟိတသမား" ဟူသောခေါင်းစဉ်ဖြင့် ရသဥယျာဉ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြဝတီခရိုင်၌ မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးစခန်းတို့ပူးပေါင်း၍ ယမန်နေ့လယ် ၁ နာရီကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ လူငယ်နှင့်အားကစားအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍ လူငယ်နှင့်အားကစား အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဂွမြို့  Community Centre ခန်းမတွင် ရေသောက်ခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍  အသိပညာပေး  (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန၊ Community Centre ခန်းမလူထုအခြေပြု  ဗဟိုဌာနတွင် ရေသောက်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ