ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာရေးဆရာ မောင်စည်သူ (အဖျောက်) ရေးသားထားသော "တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။