ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ဒေသခံပြည်သူများ ကုန်ကျစရိတ်သက်သာစေရန် အိမ်တွင်းလုပ်ငန်းဖြင့် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန် ယနေ့နေလည် (၁)နာရီ အချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နွေရာသီကျောင်းပိတ်ကာလအတွင်း လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Basic English Grammar and Speaking သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Basic English Grammar and Speaking နွေရာသီသင်တန်း (၁/၂၀၂၃)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့နံနက် ၁၀ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်ရှိ စာဖတ်သူများထံသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှါးရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေ ဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို မတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၁ နာရီခွဲအချိန်က လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်သူများထံသို့ ကွင်းဆင်းသွားရောက် ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက ပလတ်စတစ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ Talk Show ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ