ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက် (၁၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ရပ်ကွက်(၂) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ်မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်း တပ်ဖွဲများနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့များထံ လက်ဝယ်အရောက်သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး​ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၅)တွင် ပါဝင်သော စာရေးဆရာ ရွှေရောင်ဝင်းဝါ ရေးသားထားသည့် “ပညာကိုမြတ်နိုး တတ်သော” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ အဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည် ပြိုင်ပွဲအား ယနေ့‌နေ့လယ်(၁၂ ) နာရီက ပြုလုပ်ခဲ့ပါသည်။

သိန္နီမြို့တွင် မူကြိုအဆင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မူကြိုအဆင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကြီးကြပ်ပေးပြီး ဝန်ထမ်းများကပူးပေါင်း၍ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်းမှူးရုံးများသို့ ယနေ့နံနက် ၉ နာရီအချိန်က စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ